အမြန်လမ်း ၁၈မိုင်၃ဖာလုံတွင် ဆရာလေး ဥပ္ပလဝဏ္ဏာထေရီတည်ထောင်နေသည့် ထေရီမတို့ရွာ

အမြန်လမ်း ၁၈မိုင်၃ဖာလုံတွင် ဆရာလေး ဥပ္ပလဝဏ္ဏာထေရီတည်ထောင်နေသည့် ထေရီမတို့ရွာ

သီလရှင်ဆရာလေး ဥပ္ပလ၀ဏ္ဏာထေရီသည် တက္ကသိုလ်ကထိက PhD ဒေါက်တာခင်ယုနွယ်ဘဝက ရာထူးဥစ္စာရွှေငွေပိုင်ဆိုင်မှုအရာရာအားလုံးကို စွန့်လွှတ်ပြီးနောက် မြင့်မြတ်သည့် ဗုဒ္ဓသမီးတော်အဖြစ်သို့ ကူးပြောင်းခဲ့သူဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၁၈မိုင် ၃ဖာလုံအတွင်းဘက်၌ ဗောဓိဆာယာတောရ (ထေရီမတို့ရွာ)ကို တည်ထောင်ကာ သာသနာ‌တော် ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဆရာလေး၏ ပါရမီထူးခြားမှုနှင့်အတူ စိတ်အားထက်သန်မှုများကြောင့် ထေရီမတို့ရွာသည် တနှစ်မပြည့်ခင်အချိန်အတွင်းမှာပင် အလှူရှင်အသီးသီး၏ ထောက်ပံ့လှူဒါန်းမှုများဖြင့် အံ့မခန်း တိုးတက်လာနေသည်။

တောရအတွင်း၌ တရားအားထုတ်လိုသူအမျိုးသမီးများကို သီလရှင်အဖြစ် ခံယူစေ၍ မြင့်မြတ်သော အကျင့် သီလ၊ မေတ္တာဘာဝနာ၊ ၊ကမ္မဌာန်း၊ ဝိပဿနာတို့ကို ဟောပြောပြသကာ လက်တွေ့ ကျင့်ကြံ အားထုတ်စေသည်။

ထေရီမတို့ရွာတွင် ထပ်မံတည်ဆောက်မည့် တရားအားထုတ်ဆောင်များ၊ လမ်းတံတား ၊ရေကန်အလှူများ၊ သီလရှင်ဆရာလေးများအတွက် ဆွမ်းလှူဒါန်းလိုသည့် အလှူရှင်များ သိရှိလှူဒါန်းနိုင်ရန်နှင့် သွားရောက်လေ့လာလိုသူများ သိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါသည်။

မန္တလေးသတင်းကွန်ရက်

UNICODE






