လာမည့် Sunday မှာ တစ်ကမ္ဘာလုံးမြင်တွေ့ရမည့် လအပြည့်ကြတ်ခြင်းဖြစ်စဉ်

လာမည့် Sunday မှာတွေ့ရမယ့် လအပြည့်ကြတ်ခြင်းကို တစ်ကမ္ဘာလုံးမြင်တွေ့ရမှာ ဖြစ်ပြီး အချိန်ကတော့……seemore

လာမယ့် တနင်္ဂနွေ နေ့မှာ လဟာ ကမ္ဘာဂြိုလ်နဲ့ တစ်တန်းတည်းနေရာသို့ဝင်ရောက်လာကာ လအပြည့်ကြတ်တာကို ကမ္ဘာတစ်ဝန်း ကမြင်တွေ့ရမှာ ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာ ကပြောကြားပါတယ်။

လဟာ ကမ္ဘာကြီးရဲ့ အရိပ်ထဲကို တနင်္ဂနွေ နေ့ ည ၉နာရီခွဲပြီး နောက်ပိုင်း စတင် ဝင်ရောက်မှာ ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းလကြတ်တာ ကို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ လရဲ့ တစ်စိတ်တစ်ပိုင်း ကိုပဲ ကမ္ဘာကြီးရဲ့ အရိပ်က ဖုံးလွှမ်းထားမှာ ဖြစ်ကြောင်း နာဆာ ရဲ့ ဖော်ပြ ချက် အရသိရပါတယ်။

ကမ္ဘာ့အရိပ်ထဲသို့ လတစ်စိတ်တစ်ပိုင်း ဝင်ရောက်လာချိန်မှာ ဖြစ်ပေါ်မယ့် လတစ်စိတ်တစ်ပိုင်းကြတ် တာကို တနင်္ဂနွေ နေ့ ၁၀နာရီ ခွဲ အထိ (အရှေ့တိုင်းစံတော်ချိန်) မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လတစ်ခုလုံး ကမ္ဘာကြီးရဲ့ အရိပ်ထဲသို့ ဝင်ရောက်ချိန် လအပြည့်ကြပ်ပြီး သွေးရောင်လွှမ်းနေတဲ့ပုံစံ ကို ည ၁၁ နာရီ ခွဲပြီးချိန်နောက်ပိုင်း မှာ မြင်တွေ့ကြရမယ်လို့ နာဆာ ကပြောကြား ပါတယ်။

လအပြည့်ကြတ်ခြင်း ဟာ တနင်္လာနေ့ နံနက် ၁ နာရီ မထိုးခင်ပြီးဆုံးမှာ ဖြစ်ပြီး တစ်စိတ်တစ်ပိုင်း လကြတ်မှု ဟာ ၂နာရီ ခွဲ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

အမေရိကန် အရှေ့ပိုင်းထက်ဝက်မှာ နေထိုင်သူတွေ နဲ့ တောင်အမေရိက မှာ နေထိုင်သူများအားလုံးဟာ လကြတ်ခြင်း အဆင့်တစ်ဆင့်ချင်းစီ ကို မြင်တွေ့ကြရမှာဖြစ်ပြီး လအပြည့် ကြတ်ခြင်း ကို အာဖရိက ၊ အနောက်ဥရောပ ၊ ဗဟိုနဲ့ တောင်အမေရိက ၊ မြောက်အမေရိက ဒေသ အများစု ကမြင်တွေ့ကြရမှာ ဖြစ်ကြောင်း နာဆာ ကပြောကြား ပါတယ်။

နေ ရယ် ကမ္ဘာ ရယ် လရယ် တစ်တန်းတည်း ကျနေတဲ့ အနေအထားမှာ လက ကမ္ဘာရဲ့ အရိပ်ထဲ ဝင်ရောက် ချိန်မှာ လကြတ် ခြင်း ဖြစ်ပေါ်ပါတယ်။

လကြတ်ချိန် ကမ္ဘာ့လေထုထဲမှာ တိမ်များ သို့မဟုတ် အမှုန်အမွှားများ ပို ရှိလေလေ လရဲ့ အရောင်ဟာ ပိုနီမြန်း လာလေ ဖြစ်ကြောင်း နာဆာ ကပြောကြား ပါတယ်။

zawgyi

လာမည့္ Sunday မွာေတြ႕ရမယ့္ လအျပည့္ၾကတ္ျခင္းကို တစ္ကမၻာလုံးျမင္ေတြ႕ရမွာ ျဖစ္ၿပီး အခ်ိန္ကေတာ့……seemore

လာမယ့္ တနဂၤေႏြ ေန႔မွာ လဟာ ကမၻာၿဂိဳလ္နဲ႔ တစ္တန္းတည္းေနရာသို႔ဝင္ေရာက္လာကာ လအျပည့္ၾကတ္တာကို ကမၻာတစ္ဝန္း ကျမင္ေတြ႕ရမွာ ျဖစ္ေၾကာင္း အေမရိကန္ အာကာသေအဂ်င္စီ နာဆာ ကေျပာၾကားပါတယ္။

လဟာ ကမၻာႀကီးရဲ့ အရိပ္ထဲကို တနဂၤေႏြ ေန႔ ည ၉နာရီခြဲၿပီး ေနာက္ပိုင္း စတင္ ဝင္ေရာက္မွာ ျဖစ္ၿပီး တစ္စိတ္တစ္ပိုင္းလၾကတ္တာ ကို စတင္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီအခ်ိန္မွာ လရဲ့ တစ္စိတ္တစ္ပိုင္း ကိုပဲ ကမၻာႀကီးရဲ့ အရိပ္က ဖုံးလႊမ္းထားမွာ ျဖစ္ေၾကာင္း နာဆာ ရဲ့ ေဖာ္ၿပ ခ်က္ အရသိရပါတယ္။ကမၻာ့အရိပ္ထဲသို႔ လတစ္စိတ္တစ္ပိုင္း ဝင္ေရာက္လာခ်ိန္မွာ ျဖစ္ေပၚမယ့္ လတစ္စိတ္တစ္ပိုင္းၾကတ္ တာကို တနဂၤေႏြ ေန႔ ၁၀နာရီ ခြဲ အထိ (အေရွ႕တိုင္းစံေတာ္ခ်ိန္) ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

လတစ္ခုလုံး ကမၻာႀကီးရဲ့ အရိပ္ထဲသို႔ ဝင္ေရာက္ခ်ိန္ လအျပည့္ၾကပ္ၿပီး ေသြးေရာင္လႊမ္းေနတဲ့ပုံစံ ကို ည ၁၁ နာရီ ခြဲၿပီးခ်ိန္ေနာက္ပိုင္း မွာ ျမင္ေတြ႕ၾကရမယ္လို႔ နာဆာ ကေျပာၾကား ပါတယ္။

လအျပည့္ၾကတ္ျခင္း ဟာ တနလၤာေန႔ နံနက္ ၁ နာရီ မထိုးခင္ၿပီးဆုံးမွာ ျဖစ္ၿပီး တစ္စိတ္တစ္ပိုင္း လၾကတ္မႈ ဟာ ၂နာရီ ခြဲ မွာ အဆုံးသတ္မွာ ျဖစ္ပါတယ္။

အေမရိကန္ အေရွ႕ပိုင္းထက္ဝက္မွာ ေနထိုင္သူေတြ နဲ႔ ေတာင္အေမရိက မွာ ေနထိုင္သူမ်ားအားလုံးဟာ လၾကတ္ျခင္း အဆင့္တစ္ဆင့္ခ်င္းစီ ကို ျမင္ေတြ႕ၾကရမွာျဖစ္ၿပီး လအျပည့္ ၾကတ္ျခင္း ကို အာဖရိက ၊ အေနာက္ဥေရာပ ၊ ဗဟိုနဲ႔ ေတာင္အေမရိက ၊ ေျမာက္အေမရိက ေဒသ အမ်ားစု ကျမင္ေတြ႕ၾကရမွာ ျဖစ္ေၾကာင္း နာဆာ ကေျပာၾကား ပါတယ္။

ေန ရယ္ ကမၻာ ရယ္ လရယ္ တစ္တန္းတည္း က်ေနတဲ့ အေနအထားမွာ လက ကမၻာရဲ့ အရိပ္ထဲ ဝင္ေရာက္ ခ်ိန္မွာ လၾကတ္ ျခင္း ျဖစ္ေပၚပါတယ္။

လၾကတ္ခ်ိန္ ကမၻာ့ေလထုထဲမွာ တိမ္မ်ား သို႔မဟုတ္ အမႈန္အမႊားမ်ား ပို ရွိေလေလ လရဲ့ အေရာင္ဟာ ပိုနီျမန္း လာေလ ျဖစ္ေၾကာင္း နာဆာ ကေျပာၾကား ပါတယ္။