ဝမ်းနည်းဖို့ ကောင်းတဲ့ ဇနီးမောင်နှံ ဖြစ်ရပ်နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာတခု

သေဆုံးသူတွေအတွက် လုပ်စရာရှိတာ လုပ်ပြီးပြီဆိုတော့ ဒီကားမှောက်မှုဟာ သွေးရိုးသားရိုးမဟုတ်ရင် လုပ်ခဲ့တဲ့သူ ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ရမယ်။

သူတို့ချည်း မဟုတ်ပါဘူး ကားမောင်းတဲ့သူတစ်ယောက်ပါ ပါသေးတယ်။ ကားမောင်းတဲ့သူကတော့ နဲနဲပါးပါးထိခိုက်မှုတော့ရှိပါတယ် (ရဲစခန်းမှာပါ) (ဘာမှမေးလို့မရသေးပါ)။

ဒါပေမယ့် (ကားက ပြည်လမ်းတစ်လျှောက်မောင်းလာပြီး သမိုင်းဘက်ကိုသွားနေတာပါ) ကားမမှောက်ခင်မှာ သေဆုံးသွားရသူ အကို ကိုယ်တိုင် (အကိုက Driver Seat ဘေးမှာထိုင် – အမက ကားနောက်ခန်းမှာထိုင်)

သိပ်မကြာခင် မိနစ်ပိုင်းကမှ လမ်းကြောင်းခွဲသွားတဲ့ သူငယ်ချင်းတစ်ယောက်ကားကို ဖုန်းဆက်ပီး ကားချင်းငြိနေတယ် မြန်မြန်ပြည်လမ်းဘက်ကိုလာခဲ့ပေးလို့ပြောရင်းနဲ့ (ဘလုံးလထွေး အသံတွေကြားရပီး) အသံပျောက်သွားပါတယ်။

ဖုန်းထပ်ခေါ်လဲ ဘယ်လို့မှခေါ်လို့ မရတော့ပါ။ ဖုန်းလက်ခံရရှိတဲ့ သူငယ်ချင်းကိုယ်တိုင်လိုက်သွားတော့ (၅-၁၀ မိနစ်အတွင်းရောက်) ကားက နိုဗိုတယ် ရှေ့မှာ မှောက်နေပါပြီ။

ဒါဟာ သမားရိုးကျ ကားမှောက်မှု မဟုတ်ဘူးလို့ ယူဆပါတယ်, တစ်ဖက်ကား (ကားချင်း ငြိထားတယ်ဆိုတဲ့ကား) နဲ့ ပြဿနာတစ်ခုခုတက်ပြီး တစ်ဘက်ရန်လိုနေတဲ့ကားကြောင့် မှောက်သွားရတာ လည်းဖြစ်နိုင်ပါတယ်။

ကားခေါင်းလည်သွားပြီး မှောက်တာဆိုတော့ အရှေ့က ပိတ်ရပ်လို့ ရှောင်လိုက်တာလဲ ဖြစ်နိုင်သလို ကားဖင်နဲ့ရိုက်လိုက်တာလဲ ဖြစ်နိုင်ပါတယ် (ကားခေါင်းက ပြောင်းပြန်အနေထားနဲ့ မှောက်နေပါတယ်)

ကားချင်း ငြိတယ်ဆိုပြီး ဖုန်းဆက်နေရင်း အသံပျောက်ပြီး မှောက်သွားတာဆိုတော့ ကားမှောက်တဲ့အချိန်မှာ ငြိထားတယ်ဆိုတဲ့ကားက အနီးနားမှာ ရှိပါတယ်။ ကားမှောက်ရတာ အဲ့ကားရဲ့ ပယောဂသာ မပါဘူးဆိုရင် အဲ့ကားက လူတွေက ကူညီမှာ သေချာပါတယ်။

အခုကားမှောက်တာကိုတွေ့ပြီး အကူညီပေးခဲ့တဲ့အမက ကားမှောက်ပြီး မိနစ်ပိုင်းမှ မှောက်နေတဲ့ကားကို တစ်စီးတည်း တွေ့ခဲ့တာပါ။

စီစီတီဗီတွေ ပြန်ကြည့်ပြီး အပြစ်ရှိတယ်ဆို အပြစ်ရှိတဲ့သူကိုအရေးယူသင့်ပါတယ်။ နှမျောတသ မဆုံးဖြစ်ရပါတယ်

ကိုထက်