ဆန်ဖိုးလေးရရင် ပျော်ပါပြီ…တကယ့်ကို စားစရာမရှိလို့ပါ
မန်းလေးက အပြန်…မိတ္ထီလာ Max Energy မှာ ဆီဖြည့်တုန်း…
အဖွား တယောက်…ငှက်ပျော်သီးလေး (၃)ဖီးကိုင်ပြီ…
သားလေးရယ်…အဖွားကို အားပေးပါအုံး
ဟုတ် အဖွား…ဘယ်လိုရောင်းတုန်း??
(၁)ဖီး (2,500)Ks ပါ သားရယ်…အဖွားကို အားပေးပါနော်
ဟုတ် အဖွား…အားပေးမှာပေါ့…မလျော့တော့ဘူးလား ??
သားရယ် အဖွား အိမ်မှာ…ထမင်းစားဖို့ ဆန်ကို မရှိတော့လို့ပါ…(၁)ဖီးပဲ အားပေးရင်တောင် အဖွား ဆန်(၁)ပြည်လောက် ဝယ်လို့ရပါတယ် သားရယ်
ဟုတ် အဖွား…အိမ်မှာ မိသားစု ဘယ်နှယောက်ရှိလဲ ဗျ ??
အဖိုးကြီး နဲ့ အဖွားရယ်…သားသမီး မြေး (၉)ယောက်လောက်လဲ ရှိပါတယ် သားရယ်
ဟုတ် အဖွား…ဆန် (၁)အိတ်ဆို ဘယ်လောက် ပေးရလဲ ဗျ ??
သားရယ်…ခုဆို စျေးတွေ တက်တော့ (၃)သောင်းခွဲ (၄)သောင်းပေးရတယ် သား
ဟုတ် အဖွား…ဘယ်နားမှာနေလဲ ဗျ??
ဟိုဘက် (၁၀)မိုင်ကျော်က ရွာလေးမှာ သား…လမ်းလျှောက်လာပြီ ရောင်းတာပါ
အော…ဟုတ် အဖွား…ဒါဆို (၃)ဖီးလုံး ယူလိုက်မယ်နော်
ဟာ…ပျော်လိုက်တာ…အဖွား ရောင်းထွက်ပြီ
ရော့…အဖွား (50,000) Ks…ဆန် (၁)ပြည် မဟုတ်ဘူး…(၁)အိတ်လုံး ဝယ်လိုက်တော့နော်
ပျော်လိုက်တာ သားရယ်…အဖွား အရမ်းပျော်တယ်…အဖွားတို့ တမိသားစုလုံး သားကယ်လိုက်တာ…အဖွားတို့ ဆန်ရှိရင် ရပါပြီ…ဟင်းက ငပိရည်နဲ့ စားနိုင်တယ်
ရပါတယ် အဖွားရယ်…ဂရုစိုက်ပြီ ပြန်ပါနော်
ကျေးဇူးတင်ပါတယ် သားရယ်…အဖွားတို့ ကျေးဇူးရှင်က သားပါပဲ… အရမ်းပျော်တာပဲ သားရယ်…အဖွား ဆန်ဝယ်လို့ရပြီ
ဟုတ် အဖွား…သား သွားတော့မယ်နော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ🙏🏻🙏🏻🙏🏻)
•အော… တလမ်းလုံး တွေးလာမိတယ်…ကိုယ်တွေက မပူမပင် ဆန်ဆို အိတ်လိုက်စားနေနိုင်ပေမဲ့…ဆန် (၁)ပြည် ဝယ်ဖို့ခက်ခဲနေတဲ့ အဖိုးအဖွားတွေ အများကြီးပါလား ဗျာ…ရင်ထဲ အတော်ထိတယ်ဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
Leave a Reply