ဘယ်ပြောကောင်းမလဲ…စျေးဦးပေါက် အရမ်းပျော်တာပေါ့
မနက် ဘုရားကြီး သွားပြီအပြန်…အဖိုး တယောက် စက်ဘီးလေး တွန်းနေတာ မြင်တော့…..
အဖိုးရေ…လာပါအုံး ဗျ ??
အေး…သားရေ…လာပြီ လာပြီ (ပျော်သွားတယ်)
အဖိုး…တံမြက်စည်းအတိုလေးတွေ ဘယ်လိုရောင်းလဲ ဗျ??
တချောင်း (၅၀၀)ပါ သားရယ်…
ဟုတ် အဖိုး…(၃)ချောင်းယူမယ် ဗျ…
(အဖိုး ပျော်သွားရှာတယ် မျက်နှာလေးက )
အေးပါ သား…အဖိုး သေချာ ရွေးပေးမယ်နော်
ဟုတ် အဖိုး…ရော့ (30,000) Ks
ဟာ…သား ပိုက်ဆံတွေက အများကြီးပဲ…(၁)ချောင်း (၅၀၀)ပဲလေသား
ဟုတ် အဖိုး…(၁)ချောင်း (၁)သောင်းထားလိုက်နော်…
ဟာ… ဝမ်းသာလိုက်တာကွယ်
အဖိုး ပျော်ရဲ့လား ?
ဘယ်ပြောကောင်းမလဲ သားရယ်…စျေးဦးပေါက် အများကြီးရတော့ ပျော်တာပေါ့
ဟုတ် အဖိုး…ကား ဆိုက်ကယ် ဂရုစိုက်ပြီ သွားလာနော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ )
•အော…ဒီနေ့ မန်းလေးမှာ…အဖိုး အပြုံး အလှဆုံးပဲ ဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
UNICODE
09-5408437
Leave a Reply