မိုးရေစိုလို့ အိမ်ပြန်ချင်ပေမဲ့…ဒါရောင်းကုန်မှ ထမင်းစားရမှာသားရယ်

မိုးရေစိုလို့ အိမ်ပြန်ချင်ပေမဲ့…ဒါရောင်းကုန်မှ ထမင်းစားရမှာသားရယ်

မန်းလေး ကျုံးဘေး ဖြတ်ရင်း…မိုးသည်းထဲ စံပါယ်ပန်းလေးတွေရောင်းနေတဲ့ မြေးဖွား (၂)ယောက်…

ဦးဦး…ပန်းလေး အားပေးပါအုံးဆိုပြီ…အပြေးလာတယ်

သားရယ်…ပန်းလေး အားပေးပါအုံး…တကုံးမှ (၁၀၀၀)ပဲ ပေးပါ သားရယ်

အဖွားတို့ မိုးရေတွေ စိုနေပြီ…မိုးကလဲ မစဲဘူး…ရွာနေတာ…အိမ်မပြန်ချင်ဘူးလား??

ပြန်ချင်တာပေါ့သားရယ်…မိုးရေတွေ စိုနေပေမဲ့…ဒါရောင်းကုန်မှ အဖွားတို့ ထမင်းစားရမှာလေ

ဟုတ် အဖွား…ဘယ်နှကုံးရှိလဲ ဗျ??

အဖွား တွက်ပေးမယ် သား…(၁၃)ကုံးရှိပါတယ် သား…ဘယ်နှကုံးယူမလဲ သား??

အကုန် ယူမယ် အဖွား…အဖွားကော သမီးလေးကော အိမ်ပြန်တော့…မိုးရေတွေ ရွဲနေတာ နေမကောင်းဖြစ်ကြမယ်…ပြန်ကြတော့နော်

ကျေးဇူးတင်လိုက်တာ သားရယ်…အဖွားတို့ကို အိမ်အစောကြီး ပေးပြန်တာ တကယ်ကို ကျေးဇူးတင်ပါတယ်

အဖွား ရော့… (50,000) Ks…မန်းလေးရောက်တုန်း အဖွားကို ကန်တော့တာပါနော်

ဟာ…ဝမ်းသာလိုက်တာ…အဖွားရဲ့ အချစ်ဆုံးမြေးမလေးအတွက် လိုချင်တာလေးတွေ ဝယ်ပေးလို့ရပြီ

ဟုတ် အဖွား…ကြိုက်တာသုံးနော်…အိမ်ပြန်တော့နော်

ပြန်မှာ စိတ်ချ…အဖွားတို့ ချမ်းနေပြီ…ပြန်မှာ…ဝမ်းသာလိုက်တာ

ဟုတ် အဖွား…သားလဲ သွားတော့မယ်နော်

ခဏနေအုံး သား…အဖွား သားကို ဆုတောင်းပေးချင်လို့ပါ

(ဆုတွေ အများကြီး ပေးရှာတယ် )

ဟုတ် အဖွား…ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏…အဖွားလဲ ဂရုစိုက်ပါနော်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

•အော…ကျနော်တို့ အဖွား…ကျနော်တို့ တူမလေးများ…မိုးရေထဲမှာသာဆိုတဲ့ စိတ်နဲ့တင်…ဝမ်းနည်းရတယ်

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437

unicode























09-5408437