“ကျိကျိတက် ချမ်းသာနေတဲ့ ကျောင်းထိုင်ဆရာတော်တွေ နှင့် ဒကာ ၊ဒကာမတွေ ဖတ်ဖို့ ရင်နာနာနဲ့ ရေးတဲ့စာ”

ကျောင်းထိုင်ဘုန်းကြီးများနှင့် ဒါကာ ဒါကာမများသိစေရန်

မဖြစ်မနေဖတ်ပေးကြပါ သာသနာရဲ့ရင်လေးစရာ

အပေါ်ယံတွေဟာခွာချဖို့ လွယ်ကူတယ်။

သူတို့အပြစ်မဟုတ်ပါဘူး

ကျုပ်တို့ ဗုဒ္ဓဘာသာရဟန်းသံဃာတွေမှာလည်းအပြစ်ရှိပါတယ်….။

ခင်ဗျားတို့ ပတ်ဝန်းကျင်ကိုပဲကြည့်လိုက်

ကျောင်းထိုင်ဘုန်းကြီးအများစုဟာကထိန်ဆိုလည်း ကထိန်မလို့ ဝါတွင်းဆိုလည်း ဝါတွင်းမလို့ တန်ဆောင်တိုင်ဆိုလည်း တန်ဆောင်တိုင်မလို့ အလှုဆိုလည်း အလှုမလို့ ဝတ္ထုတွေ ပစ္စည်းတွေရခဲ့ပါတယ်။

ကိုယ့်သာသနာအတွက် အဲဒါတွေကိုအသုံးပြုနေတဲ့ရဟန်းတွေ ရှားပြီး……။ရတဲ့ငွေတွေကို ဘဏ်ထဲစု အတိုးချေးနှလုံးထိုး ဘောလုံးလောင်း မိသားစုတွေတူတွေ တူမတွေကို ကျောင်းပေါ်ခေါ်တင်ထား ကျွေးမွေးနေကြပြီး ဇိမ်ကျကျ အလှုခံနိုင်ဖို့ ကားအကောင်းစားတွေဝယ်ဖို့လောက်ပဲစိတ်ဝင်စားကြတယ်…..။

ဒါတောင်…..ဆင်းရဲတဲ့အိမ်တွေက ဆွမ်းစားပင့်ရင် ဝတ္ထုငွေနည်းမှာသိနေလို့ ကျောင်းက ရဟန်းငယ်တွေ ကိုရင်ကြီးတွေကိုပဲ လွှတ်ကြတယ်။

ချမ်းသာတဲ့ အသိုင်းအဝိုင်းကလှုရင်တော့ ဖျင်ပြေးမမယုံတမယ်ပဲ ကျန်တော့တယ်။

ဒါကာကြီး… ဒါကာမကြီး ကျောင်းလာခဲ့အုံးနော်……ကျမ်းမာရေးဂရုစိုက် စိုးရိမ်စိတ်လိုလို ဘာလိုလိုနဲ့ ဖားနေကြတာများ ရှံစရာ……..။

ကိုယ်နေတဲ့ရပ်ကွက်ထဲက ဒါကာ ဒါကာမတွေဟာ ဆင်းရဲပေမယ့် နေ့တိုင်းဆွမ်းလောင်းနေကြသူတွေပါ

ကိုယ့်ရပ်ကွက်ထဲက အမြဲလှုနေတဲ့ ဆင်းရဲတဲ့ ဒါကာ ဒါကာမတွေကိုတော့ မတူသလိုလို မတန်သလိုလို ဆက်ဆံတဲ့ ကျောင်းထိုင်တွေ သံဃာတွေကလည်း ရှိသေးတယ်။သံဃာတွေနည်းလာတယ်…လိုပဲ ပြောကြတယ် ကိုရင်တွေကို ဘယ်လိုမွေးရမလဲ စောင့်ရှောက်ရမလဲဆိုတာ မတွေးဘူး။

အခုပဲကြည့်လေ

ဘာသာခြားတွေက ဆင်းရဲတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ငွေ‌ ပေးကူညီလိုက်တာနဲ့ ကောက်ကောက်ပါသွားတော့တာပဲ။

သူတို့ကိုလည်း အပစ်ပြောလို့မရဘူး

ဆင်းရဲပါတယ်ဆိုမှ နိုင်ငံရေးကမကောင်း စီးပွားရေးက ကျပ်တည်း စာဝတ်နေရေးက ခက်ခဲလာတော့ ဘာသာတရားဆိုတာကို…..အလေးအနက်မရင့်သန်ခဲ့တဲ့အတွက် ပါသွားရှာလေတယ်…..😔

ရဟန်းသံဃာတွေဟာ ဘာသာခြားတွေလို အိမ်တိုင်ယာရောက် မပင့်လည်း သာသနာပြုဖို့မေ့နေတယ် ရှက်နေကြတယ်….။

မြတ်စွာဘုရားဟာ တရားထူးရမယ်လို့မြင်တဲ့လူရှေ့ကို မပင့်လည်းကြွပြီးသာသနာပြုခဲ့ပါတယ်။

အခုခေတ်ရဟန်းတွေက မပင့်ရင်မကြွဘူး ပင့်လည်း ဆင်းရဲရင် ကိုယ်စားပဲကြွခိုင်းတယ် ပြန်လာရင် ရတဲ့ဝတ္ထုငွေကို သိမ်းတဲ့ဘုန်းကြီးကရှိသေးတယ်။

ပြီးတော့…….. ပြန်လည်စွန့်လှုရမှာကို အရမ်းနှမြောကြတယ် ကျောင်းထိုင်ဘုန်းကြီးတွေ အသင်းအဖွဲ့ထောင် အဆင်ပြေရင်ပြေသလို ပိုက်ဆံဝိုင်းစုထည့်ဆင်းရဲတဲ့ မိသားစုတွေ နေရာတွေ ဒေသတွေကိုလှုသင့်တယ်

လှုရင်းနဲ့ ဗုဒ္ဓဘာသာတရားကိုဖြန့်ဝေပေးရမယ်။

အခုတော့……အဲလိုလုပ်ဖို့ဘယ်သူမှဦးမဆောင်ဘူး ဦးဆောင်ချင်စိတ်ရှိတဲ့ ဆရာတော်တွေကိုကြတော့လည်း ကပ်စေနှဲ သူဌေးဘုန်းကြီးတွေက လှုရမှာစိုးလို့အပြစ်ပြောကြ ကဲ့ရဲ့ကြနဲ့……။

ဒေဝဒတ်နဲ့ ကောကာလိက တို့လို သာသနာမှာ လာဘ်လာဘနောက်လိုက်ပြီး ပြန်စွန့်လှုဖို့ တွန်တိုနေရင် သာသနာမြန်မြန်ကွယ်မှာ ဗုဒ္ဓဘာသာဝင်တွေကို အခြားဘာသာဝင်တွေက အလွယ်တကူ စည်းရုံးနိုင်ခွင့်ရသွားကြတာပေါ့…….။

ကဲ…….ဒါကာ ဒါကာမအပေါင်းသူတော်ကောင်းတို့ သာသနာဟာ သံဃာဦးရေ နည်းလာတာနဲ့အမျှ သာသနာအတွက်တကယ်အလုပ်လုပ်နေတဲ့ ကျောင်းတွေ
ရဟန်းသံဃာတွေကိုပဲအဓိကထား လှုဖို့တိုက်တွန်းချင်ပါတယ်။

ဒါနအကြောင်းဟောပြီး ရသမျှ ဘဏ်ထဲထည့်တဲ့ ဘုန်းကြီးမျိုး ကိုယ့်မိသားတစုလုံး တဆွေလုံး တမျိုးလုံး ကျောင်းပေါ်ခေါ်တင်ထားတဲ့ ဘုန်းကြီးတွေ ကပ်စေနှဲပြီး မလှုရက် မသုံးရက် ပိုက်ဆံပဲထိုင်စုတဲ့ ဘုန်းကြီးတွေ ဇိမ်ခံဖို့အတွက်ပဲ သုံးပြီး ပြန်လည်စွန့်လှုရမှာကို နှမြောတဲ့ဘုန်းကြီးတွေကိုတော့ ဒါကာ….ဒါကာမတို့သဘောအတိုင်း……..ကြည်ညိုရင်လှုကြပေါ့။

ကိုယ်လှုတဲ့ငွေဟာ ကိုယ့်သာသနာကိုတိုးတက်တဲ့နေရာမျိုးပဲ ရောက်ပါစေ……..။

အရှင်ဇော်ဂျီလေး zaw gyi lay