“၅နှစ်ကျော်ကြာအိပ်ယာထဲလဲနေတဲ့ ဆရာလေးကို လမ်းပြန်လျှောက်နိုင်အောင်ကုသပေးခဲ့တဲ့ ထူးခန့်ကျော်”

ထူးခန့်ကျော်က ၅နှစ်ကျော်ကြာအိပ်ယာထဲလဲနေတဲ့ ဆရာလေးကို လမ်းပြန်လျှောက်နိုင်အောင်ကုသပေးခဲ့တဲ့အပြင် လမ်းစရိတ်ပါလှူဒါန်းခဲ့ပါတယ်။

“အင်မတန်ဝမ်းသာပီတိဖြစ်ရပါသည်ဘုရား လှည်းကူးမြို့နယ် ကြာအင်းအရှေ့ရွာ၌သီတင်းသုံးနေထိုင်တော်မူသော ဆရာလေးဒေါ်နန္ဒမာလာသည်ဆိုက်ကယ်မှောက်ပြီး

ဘယ်ဘက်တင်ပါး၌အလုံးကြီးဖြစ်နေရာ ၅နှစ်ကျော်ကြာမထနိုင်၍အိပ်ရာထဲမှာပဲအချိန်များကုန်ဆုံးနေခဲ့ရပြီး ကျွန်တော်ထံလာရောက်ကုသစဥ်ပွေ့ပြီးမချီ၍လာရောက်ကုသခဲ့ရလေသည

ကုသပြီးများမကြာမှီဆရာလေးလမ်းလျှေက်သွားနိုင်တာလေး မြင်တွေ့လိုက်ရလို့ ၅နှစ်ကျော်ကြာအိပ်ယာနှင့်အချိန်ကုန်မှု့မှ ကင်းဝေးသွားသော ဆရာလေးအတွက်အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရသလို

လာရောက်ကုသစဥ်လမ်းစရိတ်အခက်အခဲဖြစ်နေတဲ့ဆရာလေးအား စရိတ်ပါကုသိုလ်ပြုကုသပေးခွင့်ရခဲ့လို့လည်း ဆရာလေးအားအထူးပင်ကျေးဇူးတင်ရှိရင်း ဝဋ်ကြွေးများရှိရင်လည်းဆရာလေးဒီဘဝမှာတင်ကြေပါစေကြောင်းနှင့်

ယခုလို၇ရက်သားသမီးများ၏ရောဂါဝေဒနာများအား နေ့စဉ်၁၀၀ကျော်ကုသခွင့်ပေးခဲ့ပါသော ရတနာမြတ်သုံးပါး မိခင်ဖခင်ကျေးဇူးရှင်နှင့် ဝိဇ္ဇာ၁သိန်းကျော်အပေါင်းသူတော်ကောင်းကြီးများ၏ ခြေအစုံသို့ဦးခိုက်ကန်တော့ရင်း မင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ”လို့ထူးခန့်ကျော်က ပြောပြပါတယ်။

36Myanmar #htookhantkyaw

Credit






