မန်းလေးသားတွေ မန်းလေးကိုချစ်တယ်ဆိုရင် ဒီစာကိုဖက်ပီး အခုချိန်မှာ မပျော်ကြပါနဲ့လား….

လူတိုင်းမပျော်သင့်သေးတဲ့ အချိန်ပါ

မန်းသားတွေ မန်းလေးကိုချစ်တယ်ဆိုတာ လုံးဝမယုံဘူး

ရွှေဆိုင်သူဌေးကြီးလွတ်လာတော့ သူနဲ့အတူ တိုက်ပိတ်ခံရတဲ့ ဆရာဇော် နဲ့ ဆရာရဲ အကြောင်း သူ့မိတ်ဆွေကနေတဆင့်သိရတယ်။

ထမင်းလည်း ဒီခွက်

‌ရေသုံးလည်း ဒီခွက်

ဘာသုံးသုံး ခွက်တခွက်တည်းနဲ့ဘဲတဲ့

ထမင်းဆို သိုးတဲ့အခါ သိုးတယ်

တပတ်နေမှ ပဲဟင်း ၂ရက် တဲ့

တနေ့ကို မိနစ် ၃၀ ဘဲအပြင်ထွက်ရတယ်။

ခင်ဗျားတို့စိတ်တွေမွန်းကြပ်လို့ထွက်‌ပေါက်ပေးတာပါဆိုရင်လဲ မန္တလေးကို လူတလုံးသူတလုံးဖြစ်အောင်လုပ်ပေးခဲ့တဲ့ သူတို့ကို အားနာကြပါဦးဗျာ။

မန်းသားတွေ မန်းလေးကိုချစ်တယ်ဆိုတာ လုံးဝမယုံဘူး

အရှေ့ဘက်ကျုံးကြီးရဲ့ ဥယာဉ်မှူး ဆရာကြီး ၂ယောက်လုံး မလွတ်သေးတာကို ပြန်တွေးမိကြပြီး ကျုံးဘေးမှာ လက်ယားလက်ယား လုပ်ခြင်း ၊ ချစ်ကြည်နူးကြခြင်း၊ ဟီလာထခြင်းမျိုးများမှ ရှောင်ကြဉ်နိုင်ကြပါစေရှင် 🙏🏻

စီအာဒီ

unicode












