အသည်းလေး တစ်ခုကို ရွေးချယ်ပြီး ဒီတစ်လအတွင်းကြုံရမယ့် သင့်အတွက် အချစ်ရေးအခြေအနေကို ပြောပြမယ်

အသည္းေလး တစ္ခုကို ေ႐ြးခ်ယ္ၿပီး ဒီတစ္လအတြင္းႀကဳံရမယ့္ သင့္အတြက္ အခ်စ္ေရးအေျခအေနကို ေျပာျပမယ္

(၁) အရင္တုန္းကေတာ့ လက္ရွိအခ်စ္ေရးေၾကာင့္ သင့္အေနနဲ႔ ဘယ္လိုမွ စိတ္မခ်မ္းေျမ့ခဲ့ရပါတယ္။ သင့္အေနနဲ႔ စိတ္ေပါ့သြားၿပီး ဘာဆက္လက္လုပ္ရမယ္ဆိုတာကို အႀကံေပးဖို႔အတြက္ ဒီအေၾကာင္းေတြကို တစ္စုံတစ္ေယာက္ကို ဖြင့္ေျပာျပခ်င္ေနပါတယ္။

ဒါေပမဲ့ ယုံၾကည္ရပါ့မလား၊ ဖြင့္ေျပာလိုက္လို႔ ကိုယ့္ကို အထင္ေသးသြားမလား၊ ကြယ္ရာမွာ အတင္းေျပာေနမလား၊ ကိုယ့္ခံစားခ်က္ေတြကို ျဖစ္ကတက္ဆန္းပဲ နားေထာင္ၿပီး အႀကံေပးမလားဆိုၿပီး စိုးရိမ္ေနရပါတယ္။

ဒါေပမဲ့ မပူပါနဲ႔ ဒီလထဲမွာေတာ့ သင့္အတြက္ လုံးဝယုံၾကည္စိတ္ခ်စြာ ရင္ဖြင့္ႏိုင္မယ့္လူတစ္ေယာက္ကို သင္ရွာေတြ႕ပါလိမ့္မယ္။ သူဟာ သင္နဲ႔ရင္းႏွီးၿပီးသားလူျဖစ္ႏိုင္သလို အခုမွ စခင္မယ့္သူလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သူနဲ႔ေတြ႕တာနဲ႔ သင့္ရဲ႕ရင္တြင္းခံစားခ်က္ေတြဟာ အလိုလိုပြင့္ထြက္လာပါလိမ့္မယ္။

(၂) သင့္အခ်စ္ေရးဟာ ေတာက္ေလွ်ာက္လိုလို ဘာျပႆနာမွ ႀကီးႀကီးက်ယ္က်ယ္မရွိခဲ့ေပမယ့္လို႔ တတိယလူတစ္ေယာက္ ဝင္လာဖို႔အတြက္ လမ္းစရွိေနပါတယ္။

သင့္ခ်စ္သူဖက္မွလည္း ျဖစ္ႏိုင္သလို သင့္ဖက္မွလည္း ျဖစ္ႏိုင္ပါတယ္ေနာ္။ အဲဒီတတိယလူေၾကာင့္ ရႈပ္ေထြးရတဲ့အရႈပ္ႀကီးကို ရက္သတၱပတ္ေတာ္ေတာ္ၾကာသည္အထိ ရွင္းရဦးမွာျဖစ္ေပမယ့္လို႔ တစ္လေလာက္အၾကာမွာေတာ့ သင့္ရဲ႕ခ်စ္ရသူနဲ႔ပဲ ေ႐ႊလက္တြဲႏိုင္မွာပါ။

(၃) အတိတ္တုန္းက အခ်ိန္ကာလတစ္ခုအထိ သင့္ရဲ႕ခ်စ္သူနဲ႔ ျပႆနာေပါင္းစုံ တက္ခဲ့ပါလိမ့္မယ္။ ဒါေပမဲ့ သင္တို႔စုံတြဲဟာ ဘယ္ေလာက္ပဲ ရန္ေတြျဖစ္ျဖစ္၊ ျပႆနာေတြတက္တက္ အေျခအေနေတြ ေအးေဆးျဖစ္သြားတာနဲ႔တင္ကို ႏွစ္ေယာက္သား တစ္ေခါက္ထက္တစ္ေခါက္ ပိုပိုခ်စ္လာၾကတာပါပဲ။

ဒီလထဲမွာေတာ့ သင္တို႔အေနနဲ႔ လုံးဝႀကီး ရန္ျဖစ္မွာမဟုတ္ပါဘူး။ ရန္ျဖစ္ဖို႔မေျပာနဲ႔ စကားေတာင္မ်ားမွာမဟုတ္ဘူး။ မဂၤလာတန္းေဆာင္လို႔ရႏိုင္တဲ့ အေျခအေနပဲေနာ္။

unicode

အသည်းလေး တစ်ခုကို ရွေးချယ်ပြီး ဒီတစ်လအတွင်းကြုံရမယ့် သင့်အတွက် အချစ်ရေးအခြေအနေကို ပြောပြမယ်

(၁) အရင်တုန်းကတော့ လက်ရှိအချစ်ရေးကြောင့် သင့်အနေနဲ့ ဘယ်လိုမှ စိတ်မချမ်းမြေ့ခဲ့ရပါတယ်။ သင့်အနေနဲ့ စိတ်ပေါ့သွားပြီး ဘာဆက်လက်လုပ်ရမယ်ဆိုတာကို အကြံပေးဖို့အတွက် ဒီအကြောင်းတွေကို တစ်စုံတစ်ယောက်ကို ဖွင့်ပြောပြချင်နေပါတယ်။

ဒါပေမဲ့ ယုံကြည်ရပါ့မလား၊ ဖွင့်ပြောလိုက်လို့ ကိုယ့်ကို အထင်သေးသွားမလား၊ ကွယ်ရာမှာ အတင်းပြောနေမလား၊ ကိုယ့်ခံစားချက်တွေကို ဖြစ်ကတက်ဆန်းပဲ နားထောင်ပြီး အကြံပေးမလားဆိုပြီး စိုးရိမ်နေရပါတယ်။ ဒါပေမဲ့ မပူပါနဲ့ ဒီလထဲမှာတော့ သင့်အတွက် လုံးဝယုံကြည်စိတ်ချစွာ ရင်ဖွင့်နိုင်မယ့်လူတစ်ယောက်ကို သင်ရှာတွေ့ပါလိမ့်မယ်။

သူဟာ သင်နဲ့ရင်းနှီးပြီးသားလူဖြစ်နိုင်သလို အခုမှ စခင်မယ့်သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူနဲ့တွေ့တာနဲ့ သင့်ရဲ့ရင်တွင်းခံစားချက်တွေဟာ အလိုလိုပွင့်ထွက်လာပါလိမ့်မယ်။

(၂) သင့်အချစ်ရေးဟာ တောက်လျှောက်လိုလို ဘာပြဿနာမှ ကြီးကြီးကျယ်ကျယ်မရှိခဲ့ပေမယ့်လို့ တတိယလူတစ်ယောက် ဝင်လာဖို့အတွက် လမ်းစရှိနေပါတယ်။

သင့်ချစ်သူဖက်မှလည်း ဖြစ်နိုင်သလို သင့်ဖက်မှလည်း ဖြစ်နိုင်ပါတယ်နော်။ အဲဒီတတိယလူကြောင့် ရှုပ်ထွေးရတဲ့အရှုပ်ကြီးကို ရက်သတ္တပတ်တော်တော်ကြာသည်အထိ ရှင်းရဦးမှာဖြစ်ပေမယ့်လို့ တစ်လလောက်အကြာမှာတော့ သင့်ရဲ့ချစ်ရသူနဲ့ပဲ ရွှေလက်တွဲနိုင်မှာပါ။

(၃) အတိတ်တုန်းက အချိန်ကာလတစ်ခုအထိ သင့်ရဲ့ချစ်သူနဲ့ ပြဿနာပေါင်းစုံ တက်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သင်တို့စုံတွဲဟာ ဘယ်လောက်ပဲ ရန်တွေဖြစ်ဖြစ်၊ ပြဿနာတွေတက်တက် အခြေအနေတွေ အေးဆေးဖြစ်သွားတာနဲ့တင်ကို နှစ်ယောက်သား တစ်ခေါက်ထက်တစ်ခေါက် ပိုပိုချစ်လာကြတာပါပဲ။

ဒီလထဲမှာတော့ သင်တို့အနေနဲ့ လုံးဝကြီး ရန်ဖြစ်မှာမဟုတ်ပါဘူး။ ရန်ဖြစ်ဖို့မပြောနဲ့ စကားတောင်များမှာမဟုတ်ဘူး။ မင်္ဂလာတန်းဆောင်လို့ရနိုင်တဲ့ အခြေအနေပဲနော်။