(၅)သောင်းဆိုတာ…အဖွား ဒါတွေအကုန်ရောင်းရရင်တောင် မရဖူးဘူး
အဖွား အသက် (၈၀)နှစ်တဲ့
အဖိုး အသက်(၉၀)နှစ် အမျိုးသားနဲ့ အတူနေတယ်တဲ့
မန်းလေးရောက်တုန်း…ညောင်ပင်စျေးထဲ သွားရင်း…
အဖွား ငှက်ပျော်ဖူးတွေ ဘယ်လိုရောင်းလဲ ဗျ??
တဖူး (၃၀၀)ပါ…(၂)ဖူး (၅၀၀)ပဲ ပေးပါ သမီးရယ်
ဟုတ် အဖွား …အဲ့ဒါဆို ငှက်ပျော်ဖူး အကုန်ယူမယ်…ဘယ်နှခုရှိလဲ အဖွား??
(၆)ဖူးရှိပါတယ် သမီးရယ်
ဟုတ် အဖွား… ဒါဆို ရော့ (50,000) Ks
ဟာ…ပိုက်ဆံတွေ အများကြီးပဲ…ဒါတွေ အဖွားကို ပေးတာလား ??
ဟုတ် အဖွား…အဖွား ဘာလုပ်ချင်လဲ ဗျ??
အဖိုးကြီးအတွက်လဲ လိုအပ်တဲ့ဆေးလေးတွေ ဝယ်မယ်သားနဲ့သမီးရယ်
ပြီတော့…(၅)သောင်းဆိုတာ အဖွား ဒါတွေအကုန်ရောင်းရရင်တောင် မရဖူးဘူး
ဟုတ် အဖွား…
ဒါနဲ့ သားနဲ့သမီးက မန်းလေးကပဲလား??
မဟုတ်ဘူးအဖွား…သားတို့က ရန်ကုန်ကပါ ဗျ…
ဟာ…အဖိုးကြီး နဲ့ အဖွား အဲ့ ရန်ကုန်ဆိုတာကြီး အရမ်းလာချင်တာ…ခု သေတော့မဲ့ချိန်ထိ မရောက်ဖူးပါဘူးကွယ်
ဟာ…မဟုတ်တာ သား လာခေါ်မှာပေါ့…နောက်ကျ အဖွားနဲ့အဖိုးကို သားကိုယ်တိုင် လာခေါ်မယ်နော်
ဒါဆို သားနဲ့သမီး သဖက်ခါ အဖွားဆီပြန်လာပါလား…အဖွားတို့ ရွာကို အလည်ခေါ်ချင်တယ်…ထမင်းလဲ ချက်ကျွေးပါ့မယ်
ဟုတ် အဖွား…သား အလုပ်တွေပြီတာနဲ့ လိုက်လည်ပါ့မယ်နော်
ပျော်လိုက်တာ သားရယ်…ဒီလောက်အများကြီးနဲ့ပြန်ရင် အဖိုးကြီးပျော်နေတော့မှာပဲ
ဟုတ် အဖွား…ဂရုစိုက်ပြီ ပြန်ပါနော်
သားနဲ့သမီး အဖွားဆီ ပြန်လာခဲ့နော်
ဟုတ်ကဲ့ အဖွား…လာမှာပေါ့
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးသော (၇)ရက်သားသမီးများအား အဖွားကိုယ်စားကျေးဇူးတင်ပါတယ်ဗျ)
•အော…အဖွား ပျော်နေ ပြုံးနေ ရီနေတာလေး မြင်ရတော့…
စိတ်လဲ မကောင်းသလို…ဝမ်းနည်းဝမ်းသာကြီး
ဒီနေ့ အဖွားအပြုံးအလှဆုံးပဲ ဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
Leave a Reply