“တချိန်က နန်းတွင်းကံကြမ္မာ”

” တချိန်က နန်းတွင်းကံကြမ္မာ ”

ကုန်းဘောင်ခေတ်ဖြစ်ပွားခဲ့တဲ့ နန်းတွင်းတရားဝင်လူသတ်ပွဲကြီး အောက် မြန်မာ နိူင်ငံကိုအင်္ဂလိပ််တို့သိမ်းပိုက်ပြီးသကာလ အထက်မြန်မာပြည်ရှင်ဘုရင် မင်းတုန်းမင်းသည် 1878စက်တက်ဘာ 19တွင်အပြင်းအထန်နာမကျန်း ဖြစ်တော်မူသည်။

အိမ်ရှေ့စံ ကနောင်မင်းသားကြီးလဲ မြင်းကွန်း မြင်းခုံတိုင် အရေးအခင်း တွင်လုပ်ကြံခံရသော ကြောင့် အိမ် ရှေ့စံအရာ မှာလစ်ဟာလျက် ရှိသည်။

ထို့ကြောင့် ကင်းဝန်းမင်းကြီးဦးကောင်း ၊တိုင်းတာမင်းကြီးနှင့်ဆင်ဖြူမရှင်မိဖုရား ကြီးတို့အိမ်ရှေ့အရာအတွက် လျှိို့ဝှက်စွာ တိုင်ပင်ကြသည်။

ဆက်ခံ နိူင်ရန်အလားလာ ရှိသော မင်းညီမင်းသား များကိုစာရင်းပြုစုကြသည်။

ထို အချိန် ကနန်းတွင်းအာဏာကို ဆင်ဖြူမရှင် မိဖုရားကြီးက ခူပ်ကိုင်ထားသည်။ ထိုလူရွေးပွဲတွင် အရည် ချင်းရှိသော မင်းသားကြီးများ ကို ကျော်ဖြတ်ကာ လောင်းရှည်မိဖုရား၏ သားတော် သီပေါ မင်းသားငယ် ကို အိမ်ရှေ့အရာအဖြစ် ထူးဆန်းစွာ ရွေးချယ်သည်။

ကင်းဝန်မင်းကြီးအနေဖြင့် သီပေါမင်းကို အိမ်ရှေ့စံ အဖြစ် ရွေးချယ်ရခြင်းမှာ အကြောင်းရှိသည်။

ကင်းဝန်မင်းကြီးသည် စည်းမျဉ်းခံဘုရင်စနစ် ကိုလိုလားသည်။ထို စနစ်ဖြင့်နိူင်ငံတော် ကို ဥရောပ နိူင်ငံများကဲ့သို့ ပြုပြင်ပြောင်းလဲလိုသည်။

လက်ရှိကျင့်သုံးနေသောပဒေသရာဇ် စနစ် ကို မနှစ်မြို့။အောက် မြန်မာနိူင်ငံအင်္ဂလိပ် လက်အောက်သို့ကျရောက်ရခြင်းမှာထိုစနစ်၏ အားနည်းချက် များကြောင့်ဟုယူဆထားသည်။

စည်မျဉ်းခံဘုရင်စနစ်ကို၏ အကြောင်းကိုဓါးထက်သည့်ပဒေသရာဇ် မင်းသားများဖြစ်သော မက္ခရာမင်းသားညောင်းရမ်းသား သုံးဆယ်မင်းသား များရှေ့တွင်ပြောမိလျှင် ကင်းဝန်မင်းကြီး ခေါင်းပြတ်သွားနိူင်သည်။

ထို့ကြောင့်ဘသဘောထား ပျော့ပြောင်းပီး စိတ်ထားနူးညံသည့် သီပေါမင်းသားသာလျှင် ထိုစနစ်ကို လက်ခံနိူင်မည် မိမိတို့ကြိုးဆွဲရာကမည်။

ထို့ကြောင့်သီပေါမင်းသားကို ရွေးချယ် ခြင်းဖြစ်သည်။ဆင်ဖြူမရှင် မိဖုရားကြီး သီပေါမင်းအား အိမ်ရှေ့စံအဖြစ် ရွေးချယ်ရခြင်းမှာမိမိသမီးတော်များနှင့် ပေးစားပြီး တိုင်းပြည်အာဏာ ကို စိတ်တိုင်းကျ ချယ်လှယ်လိုခြင်းကြောင့်ဖြစ်သည်။

1878အောက်တိုဘာ1ရက်နေ့တွင် မင်းတုန်းမင်းကြီး
နတ်ရွာစံတော်မူ သည်။ထို အခါ ဆင်ဖြူမရှင်မိဖုရား ကြီးသည်

“မင်းတုန်းမင်းတရား ကြီးသည် မကြာမှီ အချိန်အတွင်း နတ်ရွာစံတော်မည် ဖြစ်ပါသောကြောင့်သားတော် သမီးတော် များကို နောက်ဆုံးအနေဖြင့်မြင်သွားချင်သည်။

ထိုကြောင့် မည်သည့် တုတ်ဓါးလက်နက် အပ်တို တစ်ချောင်းမှ မယူဆောင်ဘဲ မင်းတုန်းမင်းရှေ့မှောက်သို့အခစားဝင်ကြရမည်””ဟုပရိယာယ်ဖြင့်အမိန် ့ထုတ်သည်။

ထိုနောက် ကြေးတိုက်တော်တွင်ဖမ်းဆီး ချုပ် နှောင်သည်။

ထိုပရိယာယ်ကိုကြိုတင်ရိပ်စားမိသော မင်းသားအချို့နှင့်ိနယ်ဝေးသို့ရောက်ရှိနေသောမင်းသားအချို့တို့မှာလွတ်မြောက်သွားကြသည်။

သီပေါမင်းအား အိမ်ရှေ့စံ အဖြစ် ဘိသိတ်သွန်း
သည်။

ထိုနောက် နန်းမလုနိူင်အောင် ဖမ်းဆီးထားသောမင်းညီမင်းသားများကို နန်းတွင်းဓလေ့နှင့်အညီသုတ်သင်သည်။

သုတ်သင်ပုံမှာ “မင်းသားတစ်ယောက်ကိုကျောက်ဖျာပေါတွင် ဒူးထောက်နေစေသည်။ထိုနောက်ဆံထုံးအားနောက်သို့ လန်ဆွဲသည်။လည်မျိိုကိုဝါးရင်းတုတ်ဖြင့် ရိုက်၍သေစေသည်။ထိုသို့စီရင်ရခြင်းမှာမင်းဆီမင်းသွေးမြေသို့ မကျစေလို့သောကြောင်ဖြစ်သည်။

ထိုလူသတ်ပွဲမှာ နန်းတွင်းအာဏာပိုင်များပါဝင် ပတ်သတ်ခဲ့သောကြောင့် ထိုလူသတ်ပွဲကိုအနောက်နိူင်ငံသားအင်္ဂလိပ်တို့က ကုန်းဘောင်နန်းတွင်းတရားဝင် လူသတ်ပွဲဟု အမည်ပေးခဲ့ကြသည်။ ။

ကိုးကား-ကုန်းဘောင်ရာဇဝင်
source – အထွေထွေ ဗဟုသုတ
ခရက်ဒစ်

ယခုလို သံဝေဂရစရာနှင့် နန်းတွင်းဝမ်းနည်းစရာအလွန်ကောင်းသည့်အဖြစ်ဆိုးမျိုးကိုသင်ခန်းစာယူရန်နှင့်ဗဟုသုတအဖြစ် ရည်ရွယ်မျှဝေခြင်းသာဖြစ်ပါသည်။

ဖမ်းဆီးချုပ်နှောင်ထားသောကြေးတိုက်နှင့်ကွက်မျက်သည့်ကျောက်ဖျာ မှတ်တမ်းကျောက်စာများအား google မှရှာဖွေပြီတင်ပေးလိုက်ပါသည်။

Credit Sai Min Thant

ပြန်လည်မျှဝေပါသည်

Nay Min Oo