” လှည်းတန်းမှာ အသက်ခံရတဲ့ ဆိုက်ကားဆရာ ဦးလေးကြီးရဲ့ မိန်းမနဲ့ ကလေးပါရှင့်”ခြောက်ပေသာ ရှိတဲ့ အခန်းလေးထဲမှာ နေရပြီး











unicode

” လှည်းတန်းမှာ အသက်ခံရတဲ့ ဆိုက်ကားဆရာ ဦးလေးကြီးရဲ့ မိန်းမနဲ့ ကလေးပါရှင့်

ခြောက်ပေသာ ရှိတဲ့ အခန်းလေးထဲမှာ နေရပြီး ဆွေမျိုးတွေက စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်ရှင့်

ဦးလေးကြီးရဲ့ ကူညီချင်တဲ့ စိတ်ဓာတ်လေးကို လေးစားလို့ လှူချင်သူများရှိရင် သွားလှူလို့ ရအောင် တင်ပေးလိုက်တာပါရှင့်

သူ့အလှည့်ကျ ဘယ်သူမှ မကူညီနိုင်ကြဘူးလေ ကျန်ခဲ့တဲ့ သူ့ မိန်းမနဲ့ ကလေးကိုတော့ ကူညီနိုင်ကြပါစေရှင် 😔” Credit- Hnin Yadanar Hlaing

ဖြစ်စဉ်အကျဉ်း- လှည်းတန်းမှာ ဖုန်းလုပြေးတာကို ဖမ်းမိတဲ့ video ကြည့်မိကြတယ်မလား

ဖုန်းလုတဲ့သူကို ဝိုင်းဖမ်းတဲ့ အထဲက ဆိုက်ကားဆရာ တယောက် အသက်ခံလိုက်ရပါတယ်

ဖမ်းခံရတဲ့ ခါးပိုက်နိုက်အဖွဲ့က အယောက်၂၀ လောက် လူစုပြီး လက်နက်တွေနဲ့ ရောက်လာပါတယ်

သူတို့လူကို ဖမ်းတဲ့ အထဲပါတဲ့ လူတွေကို ​ပြန်လာရှာပုံရတယ် ဆိုက်ကားဆရာကတော့ မနေ့က မတရားမှုကို ဝင်ကူခဲ့ပေမယ့် သူအလှည့်ကျတော့ ဘယ်သူမှမကူနိုင်တော့

ဆိုက်ကားဆရာကို သက်အပြီး လမ်းဘေးဆိုင်က အကိုကြီးကိုပါ သူလည်းပါတာ တယ်ဆိုပြီး လိုက်ပါသေးတယ်

ဆိုင်ကအကို ထွက်ပြေးလို့ လွတ်သွားပါတယ်တဲ့ sim card ရောင်းတဲ့ အကိုကတော့ ပေါင် ဓားထိုးခံရတဲ့အပြင် ဖိနပ်တွေနဲ့ ပါးချခံရပါတယ်