ဗန်းစကား မှန်သမျှ ကွက်တိ မှန်ခဲ့တဲ့ မြန်မာပြည်နဲ့ တကယ် လက်ဆွဲပြီး ပြေးရတော့မယ့် အဖြစ်

သတိထားမိလား မသိဘူး ၂၀၁၉ နှစ်ကုန်ခါနီးတုန်းက ဂါနာက လူ ၄ ယောက် အခေါင်းထမ်းပြီး ကတဲ့ အကကို တစ်ကမ္ဘာကို ဘာအကြောင်းပြချက်မှ သိပ်မရှိပဲ ကြိုက်ခဲ့ကြတယ်။ သိပ်မကြာဖူး ကိုဗစ် ဖြစ်ပြီး သင်္ချိုင်းမှာ အလောင်းတွေ ပုံသွားကြတာပဲ။

၂၀၂၀ မှာကြတော့လဲ လူနှစ်ယောက် သံဝါသ ကိစ္စလုပ်တာကို ဖောင်းဒိုင်း လုပ်တယ်တဲ့။ ဘာမှ အဆက်အစပ် မရှိပေမယ့် ဖောင်းဒိုင်းကို ဘာညာ ဆိုတာ လူတွေ သိခဲ့ကြတယ်။ သိပ်မကြာပါဖူး ၂၀၂၁ (၂) လပိုင်း နောက်မှာ တကယ်ကို ဖောင်းဒိုင်း အုန်းဂွမ်း အသံတွေ ကြားရပါလေရော၊

အခုလဲ လက်ဆွဲပြီး ပြေးကြပြန်ပြီ။ ပူမနေပါနဲ့ ပြေးရမှာပါ။ လက်တောင် ဆွဲချိန်ရရင် ကံကောင်း။ တကယ်တမ်း ပြေးရရင် ချောင်းသာလဲ ပြေးလို့မရသလို ပုဂံလဲ ပြေးလို့မရဘူး။ ဘယ်မှလဲ ပြေးစရာ မရှိဘူး ပြည်တွင်းစစ်က မဖြစ်မနေကို ဖြစ်တော့မှာ။

အဲ့တော့မှ လူရွေးမှန်တာတွေ မမှန်တာတွေ နောက်ထား တွေ့ကရာ နေရာတော့ ပြေးရတော့မှာပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင်လဲ ပြေးစရာနေရာမရှိ၊ နိမိတ်တွေက ကြိုပြလေ့ရှိတယ်။

မြင်အောင်မကြည့်တတ်တဲ့သူနဲ့ မြင်လဲ ဂရုမစိုက်တဲ့ သူပဲ ကွာတာ၊ ဆိုတော့ အပြောအဆိုလေးတွေ ဂရုစိုက်စေချင်တယ်။ စကားတွေမှာ နိမိတ်တွေ ပါတယ် ၊ ဗန်းစကားတွေက အနာဂတ်ကို ရည်ညွှန်းတယ် ၊ ယုံသော်ရှိ မယုံသော်ရှိ အကုန် ဒီအတိုင်းပဲ ဖြစ်လာနေတာ ခုချိန်ထိပဲ။

“ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းမဲ့ကျွန်း” တဲ့။ ကဲ အဲ့‌တော့ မယုံတဲ့ သူတွေက ဆက်ပြီး ပြေးတဲ့အကြောင်းတွေ များများပြောပြီး များများ ပြေးကြပေါ့။ သိပ်တော့ မကြာတော့ဖူးလို့ ထင်တာပဲ။

ခရက်ဒစ်ပါဗျ

တာတီး