ယနေ့ ရန်ကုန် (၃) မြို့နယ် တနေ့လုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်မည် (ပြတ်နေလည်း ထပ်ပြတ်ပါမယ်)

လျှပ်စစ်မီးက အမြဲပြတ်နေပေမယ့် ထပ်ပြတ်ဦးမယ်လို့ ရန်ကုန်အီးပီးစီက ထပ်မံ ကြေညာလိုက်ပြန်ပါတယ်။ ကြေညာချက် အပြည့်အစုံကို အောက်မှာ ဖော်ပြ ထားပါတယ်-

၁။ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် 33kV ရွှေပင်လုံဓာတ်အားခွဲရုံအား 33kV ဒဂုံတောင်စက်မှုဇုန်-သင်္ဃန်းကျွန်းမြောက်ဖီဒါပေါ်မှ ဓာတ်အားပို့လွှတ်ပေးခြင်းနှင့် 33kV သင်္ဃန်းကျွန်းမြောက်ဓာတ်အားခွဲရုံအား 33kV သာကေတ-ဒဂုံမြောက်ဓာတ်အားလိုင်းပေါ်မှ ဓာတ်အားပို့လွှတ်ပေးခြင်းလုပ်ငန်းများကို (7.5.2022)ရက်နေ့(10:00)နာရီမှ (14:00)နာရီအချိန်အတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများလျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။ (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)

ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လျက်ရှိပြီး တချို့မြို့နယ်တွေမှာ တနေ့ကို ၂ နာရီခန့်သာ ရရှိနေတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ အမြဲပြတ်နေရတဲ့ အထဲမှာ ယခုလို ပြုပြင်ထိန်းသိမ်းခြင်းတွေကြောင့် ပိုပြတ်ဦးမှာ ဖြစ်ပြီး မကြာခင် ရောက်တော့မယ့် မိုးရာသီကျရင်လည်း မိုးရွာတာနဲ့ မီးပြတ်မှာကို ပြည်သူတွေက စိုးရိမ်လျက် ရှိပါတယ်။

လွ်ပ္စစ္မီးက အၿမဲျပတ္ေနေပမယ့္ ထပ္ျပတ္ဦးမယ္လို႔ ရန္ကုန္အီးပီးစီက ထပ္မံ ေၾကညာလိုက္ျပန္ပါတယ္။ ေၾကညာခ်က္ အျပည့္အစုံကို ေအာက္မွာ ေဖာ္ျပ ထားပါတယ္-

၁။ ရန္ကုန္တိုင္းေဒသႀကီး ၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ 33kV ေ႐ႊပင္လုံဓာတ္အားခြဲ႐ုံအား 33kV ဒဂုံေတာင္စက္မႈဇုန္-သဃၤန္းကြၽန္းေျမာက္ဖီဒါေပၚမွ ဓာတ္အားပို႔လႊတ္ေပးျခင္းႏွင့္ 33kV သဃၤန္းကြၽန္းေျမာက္ဓာတ္အားခြဲ႐ုံအား 33kV သာေကတ-ဒဂုံေျမာက္ဓာတ္အားလိုင္းေပၚမွ ဓာတ္အားပို႔လႊတ္ေပးျခင္းလုပ္ငန္းမ်ားကို (7.5.2022)ရက္ေန႔(10:00)နာရီမွ (14:00)နာရီအခ်ိန္အတြင္း လုပ္ငန္းေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

၂။ သို႔ျဖစ္ပါ၍ အဆိုပါလုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ ၊ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္မ်ား၏ ေနရာအခ်ိဳ႕တို႔တြင္ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ပါေၾကာင္းႏွင့္ အေရးႀကီးေနရာမ်ားလွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ႐ွိေစေရးကို အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း မိဘျပည္သူမ်ားထံသို႔ ေလးစားစြာ အသိေပး ပန္ၾကားအပ္ပါသည္။ (ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရး႐ွင္း)

ရန္ကုန္ၿမိဳ႕မွာ လွ်ပ္စစ္မီး ျပတ္ေတာက္မႈ အခ်ိန္ၾကာျမင့္စြာ ျဖစ္ေပၚလ်က္႐ွိၿပီး တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ တေန႔ကို ၂ နာရီခန္႔သာ ရ႐ွိေနတယ္လို႔ သိရပါတယ္။

ထိုကဲ့သို႔ အၿမဲျပတ္ေနရတဲ့ အထဲမွာ ယခုလို ျပဳျပင္ထိန္းသိမ္းျခင္းေတြေၾကာင့္ ပိုျပတ္ဦးမွာ ျဖစ္ၿပီး မၾကာခင္ ေရာက္ေတာ့မယ့္ မိုးရာသီက်ရင္လည္း မိုး႐ြာတာနဲ႔ မီးျပတ္မွာကို ျပည္သူေတြက စိုးရိမ္လ်က္ ႐ွိပါတယ္။