ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် အရေးကြီးတာကြောင့်အသေးစိတ်သေချာဖတ်စေလိုပါတယ်။

Pfizer-BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင်။ (၁)

အရေးကြီးတာကြောင့်အသေးစိတ်သေချာဖတ်စေလိုပါတယ်။

ကမ္ဘာ့ပထမဦးဆုံး mRNA ကာကွယ်ဆေးအကြောင်းအသေးစိတ်သိသမျှ ပြန်လည်မျှဝေလိုပါတယ်။

ကမ္ဘာ့ပထမဦးဆုံး FDA အသိအမှတ်ပြုရတဲ့ ကိုဗစ်ကာကွယ်ဆေးလည်းဖြစ်တာကြောင့် အသေးစိတ်ရေးစရာတွေရှိပြီး (၁) ကနေစပြီး နံပါတ်စဉ်နဲ့ အပိုင်းလိုက်ခွဲရေးပါရစေ။

အခုကာကွယ်ဆေးထိုးချိန်မှာ ကာကွယ်ဆေးကိုဘယ်လိုပြင်ဆင်ထိုးနှံရမလဲဆိုတဲ့ အရေးအကြီးဆုံးအပိုင်းကို အရင်စပြောပါမယ်။

🇲🇲 မြန်မာပြည်မှာ အောက်ခြေကျန်းမာရေးဝန်ထမ်းတွေနားမလည်ပဲအခက်အခဲတွေ့မယ့်အပိုင်းဖြစ်တာကြောင့်ပါ။

သိမ်းဆည်းနိုင်သောအပူချိန်အဆင့်ဆင့်ကို သေချာဂရုပြုလိုက်နာပါ။

Pfizer-BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေး BNT162b2 ဟာ 🇧🇪 ဘယ်ဂျီယံ စက်ရုံကထုတ်ထုတ်ခြင်းမှာ အေးခဲထားတဲ့အခဲပါ။

စထုတ်ထုတ်ခြင်းမှာ thermal container ထဲမှာ ( – 90 ကနေ – 60 ဒီဂရီစင်တီဂရိတ်) ကြားမှာသိုလှောင်ထားပါတယ်။

Freezer ထဲမှာ ( – 80 ကနေ – 60 ဒီဂရီစင်တီဂရိတ်) နဲ့ (၆) လ သိုလှောင်ထားနိုင်ပါတယ်။

အဲ့ဒီအခဲကို သာမန်ရေခဲသေတ္တာထဲမှာထားရင် အရည်ပျော်သွားပါလိမ့်မယ်။

အရည်ပျော်ဖို့အတွက် ( ၃ ) နာရီလောက်ကြာပါတယ်။

အရည်ပျော်ပြီးတာနဲ့ပြန်မအေးခဲရပါ။

အဲ့ဒီ သာမန်ရေခဲသေတ္တာထဲမှာ ( 2 ကနေ 8 ဒီဂရီစင်တီဂရိတ်) နဲ့ (၅) ရက်ပဲ သိုလှောင်ထားနိုင်ပါတယ်။

အကယ်လို့ ရေခဲသေတ္တာထဲကထုတ်ပြီး 25 ဒီဂရီစင်တီဂရိတ်အခန်းအပူချိန်မှာထားရင် ၂ နာရီပဲအထားခံပါတယ်။

အကယ်လို့ စက်ရုံထုတ်ကာကွယ်ဆေးကို လူမှာထိုးပေးဖို့ ဆားရည်နဲ့ရောပြီး dilute လုပ်ထားရင် ရေခဲသေတ္တာထဲပြန်သိမ်းလည်း (၆) နာရီထက်ပိုမထားရပါ။

စတင် dilute လုပ်ပြီးတာနဲ့ အချိန်မှတ်ပြီး dilute လုပ်ချိန်ကို ပုလင်းမှာ label ကပ်ရပါမယ်။

ဒါမှ (၆) နာရီအတွင်းမသုံးဖြစ်ရင်သိမှာပါ။

မသုံးဖြစ်တာနဲ့ လုံးဝမသုံးတော့ပဲ ပျက်ဆီးလို့ label မှတ်သားပြီး လွှင့်ပစ်ရပါမယ်။

ကာကွယ်ဆေးမှာကြာရှည်ခံ preservative လုံးဝမပါလို့ လွှင့်ကိုလွှင့်ပစ်ရပါမယ်။

တကယ်လိုက်လုပ်ကြပါ့မလားလို့စိုးရိမ်ပါတယ်။

တစ်ခုခုဆိုအထက်ကိုမတင်ပြရဲပဲလူမှာသိသိကြီးနဲ့ကြိတ်မှိတ်ထိုးလိုက်ရင် Public Health အတွက် နောက်ဆက်တွဲပြဿနာတွေ တစ်သီကြီးလာဖို့ရှိပါတယ်။

ဘယ်လိုပါကင်နဲ့လာမှာလဲ⁉️

လူ (၅) ယောက်စာအတွက် တစ်ကြိမ်စီထိုးဖို့ 5 doses စာကို 2 mL ရှိတဲ့ type I glass viral ပုလင်းအကြည်နဲ့ လာပါမယ်။

ပုလင်းမှာ ဆေးထိုးအပ်စိုက်နိုင်အောင် bromobutyl stopper ပုလင်းအဆို့ပါပြီး plastic cap နဲ့ aluminum seal ပါပါမယ်။

တစ်ပါကင် one pack မှာ အဲ့လို viral ပုလင်းပေါင်း 195 virals ပါပါတယ်။

မထိုးနှံခင်ဘယ်လိုပြင်ဆင်ရမှာလဲ⁉️

အရင်ဆုံးအရည်ပျော်နေပြီဖြစ်တဲ့ viral ပုလင်းတစ်လုံးကိုယူပါ။

ညင်သာစွာ အထက်အောင်ပြောင်းပြန် (၁၀ ) ကြိမ်ခန့်လုပ်ပေးပါ။ပုံ (၁) မှာ ကြည့်ပါ။

လုံးဝပြင်းထန်စွာခါ၍ Shake လုပ်ခြင်းမလုပ်ရပါ။

Concentrate အပြင်းမှ dilute အပျော့ဖြစ်အောင်လုပ်ဖို့လိုပါတယ်။

Dilute မလုပ်ခင် off-white အရောင် ရှိပါမယ်။

အမှုန်အမွှားလုံးဝမပါပါ။ အမှုန်ပါရင်/အရောင်ပြောင်းနေရင် မသုံးရပါ။

မြန်မာပြည်မှာဆေးသိုလှောင်ဖြန့်ဖြူးသူတွေရဲ့ မလိုက်နာမှုတစ်ခုခုကြောင့် အမှုန်အမွှားပါခြင်း၊ အရောင်ပြောင်းခြင်း မသင်္ကာဖြစ်ရင် အထက်ကိုတင်ပြပြီး မထိုးနှံဖို့လိုပါတယ်။

အကြောင်းသိတွေမို့ တင်ကောတင်ပြရဲပါ့မလားလို့စိုးရိမ်ပါတယ်။

1.8 mL sodium cloride 9 mg/mL (0.9%) solution ကို 5 doses စာ 2 mL viral ပုလင်းထဲထိုးထည့်ပြီး အပြင်းကနေ အပျော့ဖြစ်အောင် dilution လုပ်ရပါမယ်။

အဲ့ဒီနေရာမှာ ပုလင်းထဲမှာပါတဲ့ဆေးရည်ဟာ 0.2 mL လောက်ပဲရှိရမယ်လို့ ကျနော်တွက်ဆပါတယ်။

အဲ့ဒီဆေးအပြင်း 0.2 mL ကို 1.8 mL sodium cloride နဲ့ရောရင် 2 mL အဖြစ် (၅) ယောက်စာ dose ပမာဏ ရပါတယ်။

2 mL ÷ 5 ဆိုရင် = 0.4 mL ရပါတယ်။

လူတစ်ယောက်ကိုအနည်းဆုံးထိုးပေးရမှာ 0.3 mL ပါ။

အပိုအတွက် 0.1 mL ဆောင်းပြီး 0.4 mL ကိုပြင်ဆင်ပေးထားပုံရပါတယ်။

ဒါပေမယ့် သေသေချာချာ 0.3 mL လောက်ရအောင်စုပ်ယူနိုင်ရင် လူ (၆) ယောက်စာအထိလောက်ငှပါသတဲ့။

2 mL ÷ 6 ဆိုရင် = 0.333 mL ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် 0.3 mL ထက် လုံးဝလျော့လို့မရပါဘူး။

ဆေးပိုထွက်ချင်ရင် ၂ ပုလင်းစာ လူ (၁၀) ယောက်စာမှာ (၁) ယောက်စာပိုထွက်အောင်တော့ လုပ်နိုင်ပါလိမ့်မယ်။

4 mL ÷ 11 ဆိုရင် 0.3636 mL ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၅ ပုလင်းမှာ တစ်ယောက်စာတော့ကျိန်းသေပိုထွက်မှာပါ။

ဆေးကမရောက်သေးဘူး။ ပိုထွက်ဖို့ကြံနေပြီ။ နိုင်ငံတော်အတွက်တွက်ခြေကိုက်အောင်ပြောပြတာပါ။

ကဲ … dilution လုပ်တာလေးဆက်ရအောင်။

21 gauge (သို့မဟုတ်) သေးတဲ့ဆေးထိုးအပ်နဲ့ aseptic technique ကိုသုံးပြီး ဆားရည်ကိုစုပ်ကာ ကာကွယ်ဆေး 2 mL viral ပုလင်းထဲကိုထိုးထည့်ပါမယ်။

aseptic technique ဆိုတာ ကျန်းမာရေးဝန်ထမ်းတွေသိကြမှာပါ။ ဆေးထိုးအပ်လက်စသည်တို့ကို ပိုးမကူးအောင် သန့်ရှင်းအောင်ထားခြင်းပါ။ပုံ (၂) မှာကြည့်ပါ။

အဲ့ဒီမှာ 9 mg/mL (0.9%) unpreserved sodium cloride ဆားရည်ကိုပဲသုံးရပါမယ်။

ကာကွယ်ဆေးနဲ့အတူ အဲ့ဒီဆားရည်ထည့်မပေးလိုက်ပါ။ နိုင်ငံတော်ကဝယ်ပြီးစီစဉ်ပေးရမှာပါ။

အဲ့ဒီမှာဆားရည် quality ပြဿနာတက်နိုင်ပါတယ်။

​ကျနော်တွေးကြည့်တယ်။ ဆားရည်ကိုစုပ်ချိန်မှာ 1.8 mL အစား 2.1 mL လောက်စုပ်မိရင် ဘာဖြစ်သွားမလဲ❓

အဆပွားပြီး ပမာဏပိုထွက်လာမှာပေါ့။ ဒါပေမယ့် ကာကွယ်ဆေးအားပျော့သွားပါမယ်။

နောက်ဆက်တွဲ Public Health ပြဿနာတွေတစ်သီကြီးလိမ့်တက်လာမယ်။

မသမာမှုတွေဖြစ်လာနိုင်တဲ့နေရာကို တစ်ခါတည်းထောက်ပြတာပါ။

ကျနော်က Quality inspection ဝင်နေကျဆိုတော့ ဖြစ်နိုင်တာတွေကြိုတွက်လေ့ရှိပါတယ်။

ကဲ … နောက်တစ်ဆင့်ဆက်ရအောင်။

အခုလို 2 mL viral ပုလင်းထဲကို 1.8 mL ဆားရည်ထိုးထည့်ပြီးရင် ပုလင်းထဲမှာ pressure ညီအောင် 1.8 mL လေကိုတစ်ခါတည်းပြန်စုပ်ထုတ်ပါ။

ပြီးရင် ပုလင်းကို အထက်အောက် ၁၀ ကြိမ်ခန့် ညင်သာစွာပြောင်းပြန်လှန်ပြီး သမအောင် လုပ်ပေးပါ။

Shake မလုပ်ရပါ။

ပုံ (၃) မှာ ကြည့်ပါ။

dilute လုပ်ပြီးရင်လည်း off-white solution ကအရောင်မပြောင်းရ၊ အမှုန်အမွှားမတွေ့ရပါ။တွေ့ရင်မသုံးရပါ။

Dilute လုပ်ပြီးတာနဲ့ လုပ်ပြီးတဲ့အချိန်ကို label ကပ်ပါ။ 2 ကနေ 25 ဒီဂရီစင်တီဂရိတ်အပူချိန်မှာ ၆ နာရီထက်ပိုမထားရပါ။

သိမ်းထားစဉ် နေရောင်တိုက်ရိုက်ထိတွေ့မှုမရှိအောင် ဂရုစိုက်ပါ။

၆ နာရီကျော်လို့ မထိုးဖြစ်ရင် လွှင့်ပစ်ပါ။

mRNA သည် messenger RNA ပရိုတိန်းများဖြစ်သောကြောင့် stable မဖြစ်ပါ။ အတိအကျလိုက်နာပါ။

ပုံ (၄) ကိုကြည့်ပါ။

အခုလို dilution လုပ်ပြီးတာနဲ့ လူတစ်ယောက်ကို 0.3 mL ပမာဏထက်မလျော့နည်းစေပဲ ပိုးသတ်ထားတဲ့ syringe 💉 နဲ့စုပ်ယူပြီး ကာကွယ်ဆေးထိုးပေးနိုင်ပါပြီ။

ပုံ (၅) ကိုကြည့်ပါ။

Dilute လုပ်ထားပြင်ဆင်ထားတဲ့ mRNA ကာကွယ်ဆေးကို ယာဉ်/ကားတို့နဲ့ သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရပါ။ခပ်ပြင်းပြင်းမလှုပ်မိစေဖို့ဖြစ်ပါလိမ့်မယ်။

အဲ့လိုလုပ်မိရင် risk of Heakth Care Professional လို့ဆိုထားပါတယ်။ဒါဆိုရင် Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးကို စက်ရုံထုတ်အခဲဘဝကနေ ထိုးနှံဖို့ Ready ဖြစ်တဲ့အထိ လုပ်ငန်းစဉ်ကို သိလောက်ပြီလို့ထင်ပါတယ်။

Germany 🇩🇪 မှာတောင်မှ ဒီအဆင့်တွေကို အသေအချာနားမလည်လို့ ဆေး dose ပမာဏမှားထိုးတာဖြစ်ခဲ့ပါတယ်။ဂရုစိုက်လိုက်နာကြပါ။

ကျန်တဲ့အသေးစိတ်တွေကို အပိုင်း (၂) မှာဆက်ဖတ်ပါခင်ဗျား။

Richard Myo Thant

31-December-2020

(ကူးယူဖော်ပြသူများမူရင်းလင့်ကိုပါထည့်သွင်းကူးယူပေးရန်မေတ္တာရပ်ခံပါတယ်။ မလိုက်နာပါက နောင် post အားလုံးအတွက် ဘန်းပါမယ်။)

Be the first to comment

Leave a Reply

Your email address will not be published.


*