“အနံ့အသက်မရသောသူများအတွက် သူနေ့စဉ်သောက်သုံးနေကြဆေးနည်းတစ်ခုကို မျှဝေလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်”

“သူနေ့စဉ်သောက်သုံးနေကြဆေးနည်းတစ်ခုကို မျှဝေလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်”

ပြည်သူတွေကိုအခမဲ့ဆေးကုသပေးနေတဲ့ သရုပ်ဆောင်ထူးခန့်ကျော်က ယနေ့မှာတော့ သူ့ရဲ့လူမူကွန်ယက်ကနေ ဆေးနည်းတစ်ခုမျှဝေပေးခဲ့ပါတယ်။

“ကြိုတင်ကာကွယ်ထားရမဲ့ ဝိဇ္ဇာတသိန်းကျော်အပေါင်းသူတော်ကောင်းကြီးများ၏မေတ္တာဆေး ကျွန်တော်တို့မိသားစုလေးနေ့တိုင်းသောက်နေတဲ့ဆေးလေးပါ ။

လည်ချောင်းမှာရှိတဲ့ပိုးမွှားများကင်းစင်သလို ချောင်းဆိုးခြင်း ချွဲပူထခြင်း အသက်ရှူမဝသောသူများအနေ့ဖြင့်လည်း ဒီဆေးအငွေ့များအားပျင်းပျင်းရှူရှိုက်ပေးခြင်းဖြင့် အသက်ရှူမှု့ပြန်လည်ကောင်းမွန်လာတာကိုလည်းခံစားရမှာဖြစ်ပါတယ် ။ငွေကြေးအင်အားသိပ်ကုန်ကျမှု့မရှိပဲ အင်မတန်သက်သာသောဆေးနည်းလေးပင်ဖြစ်ပေသည် ။

ပါဝင်သောပစ္စည်းများကတော့လ္ဘက်ခြောက်အနည်းငယ် ဂျင်းပါးပါး၅ခုခန့် ပင်စိမ်းရွက်၂၀ရွက် တောရှောက်ခါးတစိပ်ခန့်တို့အား ပွက်ပွက်ဆူနေသောအိုးထဲသို့ပါဝင်ပစ္စည်းများအားလုံးကိုရောထည့်ပြီးနှပ်ထားပေးပါ

အနံ့အသက်မရသောသူများအိုးကိုဖွင့်ပြီး အငွေ့ကိုရှူပေးရသလို လည်ချောင်းကပိုးမွှားများကင်းစင်အောင်လည်း သောက်သုံးလို့ရပါတယ်နော် ကျွန်တော်ဒီဆေးနည်းလေးအတိုင်းသောက်လာတာကြာခဲ့ပါပြီ

နောက်ပြီးဝိတ်တက်နေသူများလည်းဝိတ်ပါကျပါသည်နော် အစာအိမ်ရောဂါရှိသောသူများတောရှောက်ခါးသီးကို လိုတိုးပိုလျော့ပြုလုပ်ပေးရသလို ဆီးချို သွေးတိုးသမားများအတွက်လဲအထူးကောင်းမွန်ပါတယ်နောိ

ခေါင်းကိုက် ဇက်ကြောတတ်မှု့တွေကိုလဲသက်သာပျောက်ကင်းခြင်းနှင့် ခံတွင်းအနံ့အသက်များပါကောင်းမွန်ပါသောကြောင့် အခုလက်တွေ့လေးလုပ်ကြည့်ပါနော် ဒီတခွက်ဆိုလျှင်တနေကုန်တဲ့အထိလူတယောက်စာသောက်သုံးလို့ရပါတယ်နော်

မေတ္တာဖြင့်မျှဝေပေးခြင်းဖြစ်ပါတယ်နော် ကဲအားလုံးသောအမျိုးများကိုဗစ်ကင်းစင်ကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြစေပြီး အားလုံးကပ်ဆိုးကြီးများဘေးအမျိုးမျိုးတို့မှကင်းဝေးကြပါစေ” လို့ ထူးခန့်ကျော်ကလူမူကွန်ယက်မှာရေးသားထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*