ယနေ့ အသက်(၄၆) နှစ်ပြည့်မွေးနေ့မှာ ပြင်ဦးလွင်မြို့က မြေ(၁)ဧကကို သာသနာ့နယ်မြေအဖြစ် လှူဒါန်းခဲ့တဲ့ ကိုပေါက်

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ အနုပညာပညာရပ်တွေကို လေ့လာဆည်းပူးပြီး နိုင်ငံကျော်ဒါရိုက်တာတစ်ယောက် ဖြစ်လာသူပါ။

အနုပညာမှာလည်း ထူးချွန်သလို စိတ်သဘောထားလည်း ကောင်းမွန်တဲ့ ကိုပေါက်က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို လူချစ်လူခင်ပေါများသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

မနေ့က ဇန်နဝါရီလ (၅) ရက်နေ့က ကိုပေါက်ရဲ့ မွေးနေ့လေးဖြစ်ပြီး ကိုပေါက်က သူ့ရဲ့ မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“၄၆ နှစ်ပြည့် မွေးနေ့အလှူ ကျေးဇူးရှင်မိဘနှစ်ပါးကို ဦးထိပ်တင်လျှက် ဘုရား တရား သံဃာ နဲ့ ခင်ပွန်းကြီး ၁၀ ပါးကိုရိုသေစွာကန်တော့ပါတယ်။ အရင်နှစ်တွေက ဒီနေ့ဆ်ိုရင် လမ်းထဲမှာ စတုဒီသာ ထမင်း/ဟင်း ကျွေးပြီးခဲ့ပြီပေါ့။

ကိုဗစ်ကြောင့် လူစုဝေးရမှာကြောက်လို့ လူနည်းနည်းနဲ့ အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အမြန်လမ်း ၁၁၆မိုင် ၆ဖာလုံ ကမ္ဘာငြိမ်းအေးစေတီတစ်ထောင်ဆရာတော် စမဘုန်းဘုန်းကို ပြင်ဦးလွင် အောင်ချမ်းသာကျေးရွာအုပ်စု၊အင်သာကျေးရွာရှိ မြေ (၁)ဧက ကို စမဘုန်းဘုန်းသာသနာပြုရာတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခဲ့ပါသည်။🙏🙏🙏”

“ယခုပြုရ သောဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတွက် နတ် လူ သာဓု ခေါ်စေသော်.. အားလုံး အမျှ အမျှ အမျှ ရကြပါစေ။🙏🙏🙏 (အထူးသဖြင့် ချစ်ရတဲ့ဇနီး ၊ဘဝခရီဖော် ၊လက်တွဲဖော်၊လမ်းပြကြယ် ချစ်ဇနီးအသည်းလေးမမနီနီ ကို အထူးကျေးဇူးတင်ပါတယ်။

သူသာမရှိရင် ကျွန် တော်အခုလိုအောင်မြင်လာဖို့မလွယ်ပါဘူး။ အမြဲတမ်းသည်းခံနားလည် ပေးတဲ့အတွက် အရမ်ကျေးဇူးတင်ရပါတယ်။

နောက်ပြီး သူ့ရဲ့နောက်ကမိသားစု ဝင်များအားလုံးကျေးဇူးပါ။) မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါသည်။

စာပြန်မရေးနိုင်တာ ခွင့်လွှတ်ပါနော်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဆယ်လီကွန်နက်ရှင်.

Be the first to comment

Leave a Reply

Your email address will not be published.


*